● ဒေါင်းလန်း။
 |
| ဒေါင်းလန်း |
ရှေးက အရှို မိသားစုများ အတူ တကွ ထမင်း လက် ဆုံ စား သည့် အခါ တိုင်း အသုံးပြု သည့် မိ သား စု ထမင်း ပုဂံ တစ်ခု ဖြစ်သည်။ ဤ အသုံး အဆောင် အားဖြင့် ရှေး အခါ က အရှိုချင်း လူမျိုး တို့၏ မိသားစု စိတ်ဓါတ် (Family Spirit) ကို မှန်းဆ တွက် ချက် နိုင် ပါ သည်။ ယခု အခါ အများသော မိသားစု များ သည် ခေတ်၏ စိမ်ခေါ်မှု များကြောင့် မိသား စုတွင်း အတူ တကွ လက်ဆုံ ထမင်းစား ဖို့ပင် အချိန် မပေး နိုင်ကြ တော့ပါ။ ထို့ကြောင့် မိ သား စု လက် ဆုံ စား သည့် အလေ့ အထ လည်း တဖြေး ဖြေး နည်း လာကြောင်း တွေ့ နိုင်ပါသည်။ ဤသို့ (Family Spirit) မိသားစု စိတ် ဓါတ် လျှော့ လာခြင်း ဖြင့် အိမ် ထောင် ရေး ၌ နောက် ဆက် တွဲ ပြ သနာ များ လည်း ရှိလာနိုင်သည်။ ထို့ကြောင့် အတူ တကွ ထမင်း လက်ဆုံ စားသော ယင်းဒေါင်းလန်း ကိုကြည့် ခြင်း အားဖြင့် ရှေး အရှိုချင်း လူမျိုး များတို့၏ မိသားစု စိတ်ဓါတ် ကား အားရ စရာပင်။
0 Comments